Tuesday 2 October 2012

Fancy နားဆွဲလေးများ


အသဲ ငယ်ငယ်ကတည်းက fancy နားဆွဲလေးတွေဝတ်ရတာ အရမ်းကြိုက်တယ်။
နားပေါက်မရှိခင်တုန်းကတော့ ကပ်နားကပ်ပေါ့။ အဒေါ်အပျိုကြီးတွေရဲ့ နားကပ်တွေ တခုမှ အလွတ်မပေးဘူး။ အသက်က အလွန်ဆုံးရှိမှ ၄ နှစ် (ငယ်ငယ်ကတည်းက ပိုးက မနည်းဘူး ဟီးးးးး :D)
နောက် နည်းနည်းလေးကြီးလာလို့ နားပေါက်ဖောက်ပြီးတည်းက ကိုယ့်မုန့်ဖိုးလေး ကိုယ်စုပြီး နားကပ်လေးတွေအမြဲဝယ်လေ့ရှိတယ်။ အိမ်ကရွှေနားကပ်ဆင်တာကျ မ၀တ်ချင်လို့ဆိုပြီး ချွတ် ချွတ်ထားရင်း ပျောက်တာကလဲ အကြိမ်ကြိမ်။ အသဲ သူငယ်ချင်းတွေထဲမှာ ငွေထည်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းတယောက်ရှိတယ်။ တခါကဆို အမေဆင်ထားတဲ့ ရွှေနားကပ်ကို အဲ့သူငယ်ချင်းရဲ့ ငွေနားကပ်နဲ့ အပြီး လဲဝတ်လာခဲ့တယ် အေးရော :D အိမ်လဲပြန်ရောက်ရော အမေဆို ဆူလိုက်တာမှအရမ်းပဲ။
ခုချိန်ထိလဲ fancy လေးတွေ စုတုန်းပဲ။ အသဲ စလုံးလာခါနီးတုန်းကဆို အိမ်မှာရှိတဲ့ နားကပ်ဘူးကြီး ယူလာမလို့။ အမေက နင် အလုပ်သွားလုပ်မှာလား။ ဟိုမှာ fancy ဆိုင်သွားဖွင့်မလို့လားဆိုပြီး ပြောလို့ မကောင်းတတ်တာနဲ့ ထားခဲ့ရတယ်။ ဒါပေမယ့် ဘယ်ရမလဲ သမီး အလိမ်မာလေးပါဆို ဒီရောက်မှ ထပ်ဝယ်တာပေါ့ :P
အသဲရဲ့ blog လေးကိုစပြီး create လုပ်ခဲ့တာကတော့ နဲနဲကြာပါပြီ။ ဒီနေ့မှ ပထမဆုံး post အနေနဲ့ ဒီပို့စ်လေးကို စတင်ရင်း အသဲရဲ့ နားကပ်လေးတချို့ကို blog ကိုလာလည်တဲ့ သူငယ်ချင်းများအတွက် လက်ဆောင်အဖြစ်တင်ပေးလိုက်ပါတယ်။ ကိုယ့်ဖုန်း ကင်မရာလေးနဲ့ ရိုက်ထားရတော့ ပုံထွက်သိပ်မကောင်းတာနဲ့ တခါမှ စာမရေးဘူးလို့ အရေးအသားမကောင်းတာကိုတော့ ခွင့်လွှတ်ပေးကြပါနော်။








အသဲအိမ် ဘလော့လေးကို အလည်လာကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်း ကျန်းမာရွှင်လန်းကြပါစေရှင်။